ကျွန်တော် အလုပ်မအားလို့ post အသစ်လေးတွေ မတင်နိုင်တာကို မိတ်ဆွေ များကိုတောင်းပန်ရင်းတဆက်တည်းမှာဘဲ..SW နဲ့ ပတ်သတ်လို့ မိတ်ဆွေတို့ ဆီမှ အကြံပြုချက်နဲ့ မေးမြန်းချက်လေး တွေ ကိုလို ချင်ပါတယ်..ကျွန်တော်ကိုယ်တိုင် SW နဲ့ ပတ်သတ်လို့  လေ့လာဆဲ လူတစ်ယောက်ဖြစ်တဲ့ အတွက် ကောင်းနိုးရာရာလေးတွေ တင်မယ့်အစား တကယ့်လေ့လာသူတွေ လို ချင်တဲ့ အပိုင်းကိုအမေးအဖြေ သဘောမျိုးတိုင်ပင်တာဟာပို မို အကျိုး၇ှိနိုင်မယ်ထင်လို့ ပါ..ဘယ်သူမဆိုဝင်ေ၇ာက်ဆွေးနွေးနိုင်ပါတယ်...ယခုအခါ SW ဟာ အသုံးဝင်လာသော Modeling software တစ်ခုဖြစ်တာနဲ့ အမျှကျွန်တော်တို့ မြန်မာ Engineer များနဲ့ Designer များအထူးလေ့လာသင့်ပါတယ်...ယခင်က Autocad နဲ့ အသုံးပြုတဲ့ စက်ရုံအတော်များများဟာ file format ချိန်းရတာလွယ်ကူတာကတကြောင်း ပြီးတော့ လုပ်ငန်းခွင် Demostration အပိုင်းမှာ Customer ကိုပို မိုထိရောက်စွာနားလည်လွယ်ကူစေတာကြောင့် Solidwork လိုမျိုး Pro-E လိုမျိုး software တွေကို အစားထိုးအသုံးချလာတာကိုတွေ့ ရပါတယ်...အဲဒီလို လို အပ်လာတာနဲ့ အမျှ Application software တွေကိုကိုင်တွယ် ဖြေရှင်းနိုင်တဲ့ Engineer , Desinger နဲ့ နောက်ဆုံး Drafter တွေ ဟာလို အပ်လာမှာအမှန်ပါ...နိုင်ငံခြားမှာ အလုပ်လုပ်ချင်တဲ့ ကျွန်တော်တို့ မြန်မာများအနေ နဲ့ တစ်ခုထက်မကသော Software များကိုပိုင်နိုင်နိုင်သုံးတက်စေခြင်းဖြင့် လုပ်ငန်းနဲ့ ပတ်သတ်တဲ့ အခွင့်အရေးများပိုမို ရရှိလာမှာဖြစ်ပါတယ်...
HONEY BASIN IN SOLIDWORKS MODEL
3 years ago

0 comments:
Post a Comment