Thursday, June 19, 2014

Renewable Energy (Solar & Wind Turbine)

ယခုpost ရေးသားချိန်သည်ပထမဆုံuးpdateလုပ်ခြင်းဖြစ်ပြီး ယခင်ကဒီဇိုင်းနှင့်ပတ်သတ်သောApplication Software များကိုလေ့လာရာမှစာရေးသူသည်၊ယ္ခုအခါစီးပွားရေးလုပ်ငန်းတစ်ခုအနေနှင့် Renewable Energy လုပ်ငန်းတစ်ခုကိုမြန်ပြည်တွင်လုပ်ကိုင်လျှက်ရှိပါသည်။www.asiasolarmm.com နောင်တွင် ၄င်းလုပ်ငန်းနှင့်ပတ်သတ်သော အတွေ့ အကြုံ ဗဟုသုတများကို ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။

Thursday, April 23, 2009

SW အပိုင်း (၄)

Blog မှာ post အသစ်မတင်ဖြစ်တာ အလွန်ကြာ ခဲ့ ပါပြီ ၊ကျွန်တော်ရဲ့ SW မိတ်ဆွေများကိုလည်းတဆက်တည်းတောင်းပန်ပါတယ်။ အလုပ်များတာကတစ်ကြောင်း၊တခြားသော အကြောင်းတွေကြောင့်မတင် နိုင်ခဲ့ တာပါ၊ ယနေ့ တော့ကျွန်တော် ရဲ့ ကိုယ် ပိုင် အချိန်လေး တွေ ကို ဖဲ့ ပြီး အမှတ်တယ အနေ နဲ့  SW အပိုင်း ( ၄ ) ကိုဆက်လက်တင်ပေးလိုက်ပါတယ်။ SW လေ့လာ သူ များ ပညာ ဗဟုသုတ တိုးပွါးပါစေ လို့ ဆန္ဒပြု ပါတယ်။

Sunday, November 30, 2008

video အပိုင်း(၃)

ဒီနေ့ ကျွန်တော်အချိန်လေးရတုန်း ကျွန်တော် download လုပ်ထားတဲ့ အပိုင်း ၃လေးကို မျှဝေပေးထားပါတယ်...SW လေ့လာသူအားလုံး ကျေနပ်နိုင်ကြပါစေ...

Wednesday, November 26, 2008

SW ကိုလေ့လာနေကြသောကျွန်တော်၏မိတ်ဆွေများသို့ 

ကျွန်တော် အလုပ်မအားလို့ post အသစ်လေးတွေ မတင်နိုင်တာကို မိတ်ဆွေ များကိုတောင်းပန်ရင်းတဆက်တည်းမှာဘဲ..SW နဲ့ ပတ်သတ်လို့ မိတ်ဆွေတို့ ဆီမှ အကြံပြုချက်နဲ့ မေးမြန်းချက်လေး တွေ ကိုလို ချင်ပါတယ်..ကျွန်တော်ကိုယ်တိုင် SW နဲ့ ပတ်သတ်လို့  လေ့လာဆဲ လူတစ်ယောက်ဖြစ်တဲ့ အတွက် ကောင်းနိုးရာရာလေးတွေ တင်မယ့်အစား တကယ့်လေ့လာသူတွေ လို ချင်တဲ့ အပိုင်းကိုအမေးအဖြေ သဘောမျိုးတိုင်ပင်တာဟာပို မို အကျိုး၇ှိနိုင်မယ်ထင်လို့ ပါ..ဘယ်သူမဆိုဝင်ေ၇ာက်ဆွေးနွေးနိုင်ပါတယ်...ယခုအခါ SW ဟာ အသုံးဝင်လာသော Modeling software တစ်ခုဖြစ်တာနဲ့ အမျှကျွန်တော်တို့ မြန်မာ Engineer များနဲ့ Designer များအထူးလေ့လာသင့်ပါတယ်...ယခင်က Autocad နဲ့ အသုံးပြုတဲ့ စက်ရုံအတော်များများဟာ file format ချိန်းရတာလွယ်ကူတာကတကြောင်း ပြီးတော့ လုပ်ငန်းခွင် Demostration အပိုင်းမှာ Customer ကိုပို မိုထိရောက်စွာနားလည်လွယ်ကူစေတာကြောင့် Solidwork လိုမျိုး Pro-E လိုမျိုး software တွေကို အစားထိုးအသုံးချလာတာကိုတွေ့ ရပါတယ်...အဲဒီလို လို အပ်လာတာနဲ့ အမျှ Application software တွေကိုကိုင်တွယ် ဖြေရှင်းနိုင်တဲ့ Engineer , Desinger နဲ့ နောက်ဆုံး Drafter တွေ ဟာလို အပ်လာမှာအမှန်ပါ...နိုင်ငံခြားမှာ အလုပ်လုပ်ချင်တဲ့ ကျွန်တော်တို့ မြန်မာများအနေ နဲ့ တစ်ခုထက်မကသော Software များကိုပိုင်နိုင်နိုင်သုံးတက်စေခြင်းဖြင့် လုပ်ငန်းနဲ့ ပတ်သတ်တဲ့ အခွင့်အရေးများပိုမို ရရှိလာမှာဖြစ်ပါတယ်...

Sunday, November 2, 2008

How to draw a Bolt






















http://3dcadmodel.blogspot.com မှ ကူးယူတင်ပြပါသည်...
ဒီ post လေးကတော့ Bolt တလုံးကို ဘယ် လို အစအဆုံးဆွဲတယ် ဆို တာလေးပါ ...

Sunday, September 28, 2008



ဒီ ပုံ လေးကတော့  new file ကို ဖွင့် ပြီးနောက် feature Manager Box ထဲ မှမြှား ပြထားသည့်အတိုင်း မိမိနှစ် သက် ရာ( သို့ မဟုတ် ) မိမိ ဆွဲ သားလို သော ပုံ ရဲ့ အနေအထား ကို ကြည့်ပြီး Front plane,Top Plane & Right Plane မှ နှစ်သက် ရာကို ရွေးချယ် နိုင်ပါသည်။
ပြီးနောက် (ဒု) ပုံ တွင်ပြထား သည့် အတိုင်း sketch tool bar ကို click လုပ်၍ ဆွဲ လို သော Circle or Rectangle ကို စတင် ဆွဲ သားနိုင် ပြီ ဖြစ်ပါ သည်။..
e.g မိမိ သည် front plane ကိုရွေးချယ် လိုက်သည် ဆိုပါစို့  ပုံမှာမြှား ပြထားသည့် အတိုင်း Circle ကိုသွား၍ front plane ပေါ်ရှိ original point ၌ Circle​ ၏ centre ကို ပေးရ မှာ ဖြစ်ပါ တယ်..သို့ မှသာ ဆွဲ သားလိုတဲ့ part ရဲ့ original point ကို ရမှာဖြစ်ပါ တယ်။...
သို့ မဟုတ် ပါက Add-Ins Tool bar ကိုခေါ်ယူအသုံး ပြုခြင်းဖြင့် Auto CAD လို Command Line ကို အကျိုးရှိ ရှိအသုံးချ နိုင်မည် ဖြစ် ပါတယ်...ဒီလို အသုံးပြုခြင်းကို Solidworks မှာ Solidwork 2D Emulator Tool ကို Add-Ins လုပ်သုံးတယ် လို့ ခေါ်ပါတယ်...သို့ ပါသော်လည်း command အားလုံးကိုတော့လွယ် ကူစွာအသုံးချ နိုင်မည် မဟုတ်ပေ၊......Auto CAD command အနေနဲ့ အသုံးချလို့  ရမယ့် command တချို့ ကိုမိတ်ဆက် အနေနဲ့ တင်ပြပေးလိုက်ပါ တယ်...
1. Line
2. Erase
3. Undo
4. Redo
5. List
6. Circle
7. Rectangle
8. Arc
9. Offset
10. Fillet
11. Chamfer
12. Trim
13. Extend
14. Copy
15. Move
16. Mirror
17. Rotate
18. Scale
19. Align
20. Polygon
21. Point
22. Ellipse
23. Explode
24. Grips
25. Break
26. Block
27. Distance
သို့ ပေမယ့်လည်း solidworks ဆရာများ က Add-Ins Solidwork 2D Emulator ကို သုံးခြင်းထက် under tool Option ကို သုံးခြင်းကပို မိုလွယ်ကူစေကြောင်း recommand လုပ်ပါတယ်....




Friday, September 26, 2008

Post အသစ် နဲ့  ပတ်သတ် လို့ 




အခုတလော အလုပ်များတာရယ် ကတကြောင်း Blog နဲ့ပတ်သတ်တာလေးတွေကို study လုပ်ရင်းpost အသစ်မတင်ဖြစ် တာကြာပါပြီ...ဒါပေမယ့် Post အသစ်တင်နိုင်အောင်အမြဲတမ်းကြိုးစားလျှက်ပါ။နောက်တစ်ခုက Solidworks ပတ်သတ်တဲ့ Data တွေကို links ပေးနိုင်ဖို့ studyလုပ်ရတဲ့ အချက်တွေကြောင့်လိုတာထက်ပိုကြာကောင်း ပိုကြာပါလိမ့်မယ်။တကယ်တော့ ကျွန်တော်က မိမိသိထား သမျှ အကြာင်းအရာလေးတွေကို ၀ါသနာတူ သူငယ်ချင်းများ ကို မျှဝေ ခြင်းသာဖြစ်ပါသည်။ဆရာလုပ်လို စိတ် အလျှင်းမရှိပါ။ ပြီးတော့ မိမိ ရဲ့ စာရေးသား ချင်တဲ့ ၀ါသနာ အရ ရင်ထဲက အကြာင်းအရာလေး တွေ ကို internet စာမျက် နှာမှာ အရောင်ဆိုး ခြင်းတမျိုး ပါ။ယ္ခုအခါ Engineering Software များနဲ့ပတ်သတ် လို့လေ့လာစရာတွေများ လာသည်နှင့်အမျှ ဗဟုသုတ ရစရာတွေလည်းများလာသည်မှာ အားရစရာပင် ဖြစ်သည်၊ သို့ ပါ၍ မိမိ စိတ်ဝင်စား ရာ software ကိုနည်းလမ်းပေါင်းစုံဖြင့် လေ့လာနိုင်ပါသည်။