Thursday, September 11, 2008

Work Scopes


ဒီပုံလေးကတော့ ကျွန်တော့် Work Scope ရဲ့ photo လေးတစ်ခုပေါ့ ၊ Jigs and Fixture Design လို့ခေါ်ပါတယ်။နောက်ပိုင်းမှာ jigs and fixture အကြောင်းကို အသေးစိတ်ရှင်းပြမှာပါ။
ကျွန်တော်တို့ company ရဲ့အဓိကအလုပ်ကတော့ Jigs and Fixture ပါ။
ဒါပေမယ့် customer ပေါ်မှာမူတည်ပြီး design လုပ်ပေးရတာတွေလည်းရှိတော့ jigs Design တခုတည်းသတ်မှတ်လို့မရပါဘူး။ work flow process ကိုပြောပြရမယ်ဆိုရင်တော့ အဓိက customer တွေဆီကပြုလုပ်လိုသော parts ရဲ့ soft copy Drawing (or) hard copy သော်၎င်း sample parts သော်၎င်း ယူဆောင်လက္ခံပြီး parts ပေါ်မှာမူတည်၍ attention process အတိုင်း Jigs လုပ်ရတာဖြစ်ပါတယ်။ ဒီ process မှာ Jigs ကိုအသုံးပြုမယ့် machining operator သော်၎င်း hand operator သော်၎င်းသူတို့ရဲ့ကိုင်တွယ်မှု safety ကိုလည်းထည့်စဉ်းစားဖို့လိုပါတယ်။ safety ဟာအရေးကြီးဆုံးအပိုင်းမှာပါဝင်ပါတယ်။ဒီ လုပ်ငန်းဟာ customer တွေနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံရတဲ့လုပ်ငန်းတခုပါ။ဘယ်လိုပဲမိမိ Design က Theory အရ ရော costing ရော perfect ဖြစ်နေပါစေ customer complain ဖြစ်ရင် modify လုပ်ပေးရပါတယ်။

0 comments: